01/06/2010

လက်ဆောင်

စိတ်ဓာတ်တွေကျနေသတဲ့လားကွယ်....။

ရော့.. ဒီမှာ
မိုးကုတ်စက်ဝိုင်းကို အုပ်မိရုံလောက် နေရောင်ခြည် နွေးဖျဖျရယ်...
ကောင်းကင်ပြာနဲ့ လိုက်ဖက်မယ့် တိမ်လေး လက်နှစ်ဆုပ် သုံးဆုပ်လောက်ရယ်..
လေညှင်းလေး တစ်သုတ် နှစ်သုတ်ရယ်...
အချိုးကျကျလေးပေါင်းပြီး ညနေခင်းလှလှလေး လုပ်ပေးထားတယ်။

မလုံလောက်သေးဘူးတဲ့လား....။

ရော့... ဒီမှာ
မြေနီလမ်းလေးရယ်...
အဆုံးမစမဲ့ ကျယ်ပြောတဲ့ မြက်ခင်းစိမ်းရယ်....
စိမ်းဝါရော်ရောင်တွေ လွှမ်းနေတဲ့ သစ်ပင်တန်းလေးရယ်.....
ကောင်းကင်က မှန်လုပ်ကြည့်စရာ ရေကန်ကလေးရယ်....
ဒါတွေအားလုံးကို သစ်တောအုပ်ကလေးနဲ့ မှုန်မှိုင်းမှိုင်း အနားကွပ်ပေးထားတယ်။

ကျေနပ်ပြီတဲ့လား....။

ဒါဆို လာ.....
လေးလံလှတဲ့ ဒီခန္ဓာကို ဒီခုံတန်းလျားမှာ ပုံထားလိုက်...
နွမ်းနွယ်နေတဲ့ စိတ်ဝိညာဉ်ကိုတော့.. ...
ဟောဒီ လက်ဖ၀ါးထဲမှာ စိတ်ချလက်ချ ပေးနားလိုက်ပါ....
ကျမနှလုံးသားက စောင့်ရှောက်လိုက်ပါလိမ့်မယ်။

Sacred Sparks
အဆင့်သင့်ဖြစ်ပြီလား...။
တင်းပြည့်နေတဲ့ ရှင့်ရဲ့စိတ်လွယ်အိတ်ကို အိတ်သွန်ဖာမှောက်သာ ဖွင့်ချလိုက်ပါတော့လေ... ...။

ရေနံ့သာ။

No comments:

Post a Comment