24/05/2010

မြစ်

မြစ် ဖြစ်လာမှတော့လည်း

စီးဆင်းလိုက်ကြရုံပေါ့ကွယ်

ဆိုက်ကပ်ရာက ပင်လယ်လည်း ဖြစ်မယ်
My Downfall - Marcin Bera

ကျောက်ဆောင်လည်း ဖြစ်မယ်

(ဒါမှမဟုတ်)
အိပ်မက်လည်း ဖြစ်မယ်ပေါ့

ဒီရေအတက်အကျတော့
ရှိချင်မှ ရှိလိမ့်မယ်

ငါတို့မှာ လဆွဲအားရယ်၊ ဘာရယ်ညာရယ် မရှိသလို

အချစ်၊ အမုန်း၊ သံယောဇဉ်တို့ရဲ့ ဆွဲအားလည်း ရှိမှ မရှိတာပဲ. . . . ။

မြစ်ဆိုမှတော့လည်း ကန်ရေပြင်လို ဘယ်ငြိမ်သက်နိုင်ပါ့မလဲလေ

တနေရာရာကို. . .
အချိန်တိုင်း စီးဆင်းနေရမှာပဲ

အစုန်တွေ အဆန်တွေကို
ဘယ်သူမှမမြင်အောင် လျှို့ ဝှက်ရင်းနဲ့ . . .

ဝမ်းနည်းမှုနဲ့ သောကတွေကို
ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ရင်းနဲ့. . .

ဘာပဲဖြစ်ဖြစ် တနေရာရာတော့

ငါတို့လမ်းဆုံး ဖြစ်လိမ့်မယ်

ပင်လယ်. . . ကျောက်ဆောင်. . . အိပ်မက်. . . တစ်ခုခု

ဒါပေမယ့် ငါတို့ ဘာကို မျှော်လင့်ခဲ့ကြသလဲဆိုတာ

ဘယ်သူမှ သိလိမ့်မယ် မဟုတ်ဘူး...။ ။


ဖိုးခွား

No comments:

Post a Comment