08/06/2010

ငုပ်ကောင်

ဖောက်ပြန်ခြင်းတွေ သိုက်တူး
ငါးမရလို့ ရေချိုးပေးလိုက်သလို
လောင်လောင်၊ ရှို့ရှို့ မီးတော့ လိုတာပဲ။
'သွေးက ပျားရည်ထက် ပိုချိုတယ်' တဲ့
ထက်မြတဲ့ ပုလဲကုံးလေး ဝင်းလက်သွားတယ်
ရက်လွန်နေတဲ့ After-Shaveတော့ အငွေ့ပျံလို့
အခု ဘယ်အခြေအနေမှာ ရှိလိမ့်

ဖျိုးဖျိုးဖျတ်ဖျတ်နဲ့ ယာယီတွေ
ပေါ်လာလိုက် ပျောက်သွားလိုက်
ဆိုးဆိုးဆတ်ဆတ်နဲ့ ရပ် ကြည့်ရင်းသွားလိုက်
မီးနီ၊ မီးစိမ်းလေးတော့ တဆိတ် သတိ။
ရှူရှိုက်လိုက် မှုတ်ထုတ်လိုက်
ဟန်ပါပါ၊ သံဝါဝါနဲ့ စာ၊ ကမ္မဝါဖတ်လို့
ကဲ. . . ဘုန်းကြီးတစ္ဆေ တဖြစ်လဲ
ရေ မနစ်ဖို့ အရေး၊ ကွေး ကန် ရင်း ညှပ်လိုက်။

Andy J.Miller

မျှော်နေတိုင်း ဝေးလဲ. .
ဒီတပင်တော့ ငုပ်ကောင်ပဲ ဖိဖိထိုး
ငွေကုန်ထိုး၊ ဘဝပုံထိုး
မြိုးမြိုးမြက်မြက်လေး စားရဖို့
အနားသတ်မျဉ်း တိုးကြည့်၊ ချဲ့ကြည့်
'အံဝင်ဂွင်ကျ မှားယွင်းစီးကြောင်းထဲ မမျောရဖို့' တဲ့။
တဖန်.. အမှန်တရားကိုယ်နှိုက်က
အိပ်မက်စက်ရုံက ပဟေဠိပြကွက် ဖြစ်နေပြန်တော့
အိုင်းစတိုင်း ကလုံးထုတ်ပွဲမှာ ဘာဘာညာညာ မလို
သူသူငါငါ အကုန်နွှဲ ဝင်ကြဲကြပေါ့။ ။

ယိုဒါရှီးမား

2 comments:

  1. ခံစားရတဲ့ အချိန်တွေမှာ ထွက်လာတဲ့ ကဗျာတွေက မိုက်တယ်။ everything's gonna be alright par.

    ReplyDelete
  2. ဘဝပုံထိုးပေမယ့် အလျော်အနေနဲ့ ဘဝတစ်ခုထပ်မရချင်ဘူး။ ရှိပြီးသားဘဝလေးကိုပဲ ပါဝါတင်ပေးရင် ကျေနပ်ပါပြီ။ :)

    ReplyDelete