08/06/2010

အပြာရောင် ဂြိုဟ်သားများ (၁၀)/အိပ်မက်

အခုတလောမှာ ကြယ်လေးတွေလည်း
ငါ့ရင်ကို ထိအောင် မလင်းကြဘူး
ဪ.. သူတို့မှာ သံစဉ်မှ မရှိကြတော့ပဲကိုး။

အခုတလောမှာ ဆောင်းကလည်း
ငါ့ရင်ကို ရွှဲရွှဲစိုအောင် မအေးမြဘူး
ငိုသံတစ်ဝက် ရယ်တစ်ဝက်နဲ့
ဆောင်းအိပ်မက်တွေ ခါးလွန်းလို့ တဲ့။
nahidrains.wordpress.com
အခုတလောမှာ သီချင်းတွေကလည်း
ငါ့ရင်ကို မပျော်မြူးစေဘူး
အလေ့ကျပေါက်တဲ့ ဒီရုပ်ရည်လေးနဲ့
အသည်းကွဲနေရလို့ တဲ့။

အသစ်တဖန် ဖြစ်မြဲဖြစ်နေပြန်တဲ့
နေ့ရက်တွေအကြောင်း မေးကြည့်တော့

မောင်သိန်းဇော်က

"လောကကို ရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး
နေလုံးလည်း ကွယ်ပြီ. ." တဲ့။

မပြောရဲတော့ပါဘူး အိပ်မက်ရယ်
နှင်းတစ်ဝက် မြူတစ်ဝက်နဲ့
သံသရာ အဆက်ဆက် မှုန်ဝါးအောင်
မင်း သိပ်လှတာပဲလို့။

ချမ်းညီချို

No comments:

Post a Comment