19/06/2010

ဖြစ်ပျက်သံသရာ*

မြေငလျင်နဲ့၊
.............ဆူနာမီနဲ့၊
ဟိုဝါဒနဲ့၊
............ဒီဘာသာနဲ့၊
ဒီဖက်ရှင်နဲ့၊
............ဟိုစကားနဲ့၊
ဟိုဟာနဲ့၊ ဒီဟာနဲ့.........၊

အဲဒီ `နဲ့´ တွေနဲ့ ပဲ
တို့တွေ နဲ့ နဲ့ လာတာ။
A Perfect Pattern

အသက်ရှိသလောက်၊ ဒုက္ခ
နှစ် ရှိသလောက်၊ သုခ
ယောင်ယောင်ပဲ။

ဘာမှ မဟုတ်တာ။

ကမ္ဘာကြီးဟာ
တို့တွေရဲ့ ကမ္ဘာကြီး
....................၊ မဟုတ်ဘူး
တို့တွေ နေရာ ကမ္ဘာကြီး။

လောကကြီးဟာ
တို့တွေရဲ့ လောကကြီး
......................၊ မဟုတ်ဘူး
တို့တွေ နေရတဲ့ လောကကြီး။

သမိုင်းတွေ၊
အနာဂါတ်တွေ၊
စည်းတွေ၊
ပုဒ်မတွေ၊
ဘာမှ၊
ဟိတ်ဟန်ထုတ်၊
ရောင်းဝယ်မနေနဲ့
(လာပြန်ပြီ အဲဒီ `နဲ့´ ပဲ)

ရှင်သန်ဖို့ ကြိုးစားရင်း
......................လူဖြစ်လာကြတာ

တို့တွေဟာ
မြေကြီးနဲ့ တသားတည်း ၊

ဖြစ်ပျက်သံသရာထဲ
တချိန်မှာတော့ မြေကြီးနဲ့ တသားတည်း။ ။

(*ညွှန်း = ကမ္ဘာ့ဂြိုဟ် တိုက်ကြီးများ ဖြစ်ပျက်သံသရာ)

ထွန်းနွယ်

No comments:

Post a Comment