22/06/2010

သံကွင်းစွပ်ကျောက်တိုင်

Flower Chucker 2 - Banksy
အိပ်မက်က နံရံကို တိုးတယ်

မှန်မှာ ကပ်နေတဲ့ ပုဇဉ်းလို

အပြင်လောကဟာ မြင်သာမြင်ရ မကြင်ရ

တိုးမယ် ဆက်တိုးမယ်

ဟိုး အပြင်ဘက်မှာ စိမ်းလန်းနေတာ

အဲဒါ ငါတို့အတွက် မဟုတ်ဘူးလား

နံရံကိုပဲ ဆက်တိုးမယ်

မရောက်နိုင်တော့ဘူးလား

ယင်ကောင်တိုးလို့ ကွဲတဲ့မှန် မရှိဘူးတဲ့လား

ခု မရှိသေးလည်း

နောက်တော့ ရှိချင်ရှိလာမှာ. . .

နွားကျောင်းသားရဲ့ လောက်စာလုံးနဲ့ ကံဆုံတဲ့အခါ။



ဖိုးခွား

No comments:

Post a Comment