19/06/2010

မပူပြင်းသော နွေရာသီအတွက် မလင်းလက်နိုင်သောကြယ်

မပြန်ချင်တော့ဘူး.. မပြန်ချင်တော့ပါဘူး... ဦးရယ်
အခန်းကျဉ်းလေးဟာ မွန်းကြပ်လှပါတယ်
စီးကရက်မီးခိုးငွေ့တွေကြားလည်း ပြန်မ၀င်ချင်တော့ဘူး
ဝီစကီခွက်တွေလည်း မငှဲ့ပေးချင်တော့ဘူး
နှစ်ကိုယ်တူ ချစ်သမျှလည်း မဆိုချင်တော့ဘူး
ပန်းကုံးတွေလည်း မလိုချင်တော့ပါဘူး
သမီးဟာ တွမ်အန်ဂျယ်ရီထဲက ရေမကူးတတ်တဲ့ ဘဲလေးလိုပဲ

http://pixdaus.com/

သမီးဟာ အတောင်မပေါက်ဘဲ ခဏခဏ ထထပျံတတ်တယ်
သမီးဟာ လောကကြီးကို ဘေးတစောင်းကြီး ကြည့်တယ်
သမီးဟာ မေမေ့ဆီကို ငိုငိုပြီး ဖုန်းဆက်တယ်
သမီး အိမ်လည်း မပြန်ချင်ဘူး.. ဘယ်ကိုမှ မပြန်ချင်ဘူး...
သမီး ရေစည်လှည်းတွန်းတာလည်း ၀ါသနာမပါဘူး
သမီး ထမင်းကြမ်းနဲ့ ငရုတ်သီးကြော်နဲ့ မစားချင်ဘူး
သမီး ဖီးစင့်စက်ဘီးအစုတ်လည်း မစီးချင်ဘူး
မပြန်ချင်တော့ပါဘူး. . . ဦးရယ်။ သမီး တကယ် မပြန်ချင်တော့ဘူး။


ဖိုးခွား

No comments:

Post a Comment