လမ်းဟာ ခရမ်းရောင်
ငါ အမြဲတစေ မကောက်ကျစ်ခဲ့ပါဘူး
ငါ တခါတရံသာ နိုင်လိုမင်းထက် ပြုကျင့်ခဲ့တယ်
ငါ့ခရီးကိုသာ ငါ ဆက်သွားပါရစေ
ကျောပိုးအိတ်ကို ထားခဲ့တော့မယ်
ဘယ်တွေ ရောက်ရဦးမှာလဲ
လမ်းဟာ ခရမ်းရောင်
ငါဟာ ငါ့ဓါတ်ပုံကို ငါ့ဦးခေါင်းပေါ် တင်
သံယောဇဉ်သံခလောက်ကို လည်ပင်းမှာ ဆွဲပြီး
ငါ ထွန်ယက်ရမယ့် အကွက်ကို ရှာဖွေနေခဲ့တာ
မျက်တောင်လည်း မခတ်တတ်တော့ပါဘူး
Purple Dusk - David Castle |
ဘယ်မှာ ခရီးတထောက်လဲ
လမ်းဟာ ခရမ်းေ၇ာင်
ဖန်ပြာခွက်ရှိသည့်တိုင် ကျောက်စက်ရေ မရှိ
အမောပြေစရာကို အမေ မပြောခဲ့ပါ
ဖိနပ်တစ်ရံသာ ချုပ်ပေးခဲ့ပါတယ်
ဘာမှ ခရီးဆုံးမှာလဲ
လမ်းဟာ ခရမ်းရောင်
ခြေဖ၀ါးတွေ ကွဲအက်၊ မြေကြီးတွေ ကွဲအက်
တောအထပ်ထပ် တောင်အသွယ်သွယ်
ငါဟာ လိုအပ်သလောက်သာ မိုက်ရိုင်းပြီး
လိုအပ်သလောက်သာ ယဉ်ကျေးခဲ့တယ်
မလိုအပ်တာတွေ အကုန် တနင့်တပိုး သယ်ပြီး
ခရီးဆက်ကြရတယ်
ငါတို့လမ်းဟာ ခရမ်းရောင်
မၿမင္ရဘူး. . . ဟိုးအေ၀းေ၀း မႈန္ပ်ပ်
တောင်တန်းလား ပင်လယ်လား
သူတို့တွေ ဟာရော ခရမ်းရောင်တွေပဲ တဲ့လား။
ဖိုးခွား
No comments:
Post a Comment