01/05/2010

ဂွ

Longlife Milk တဲ့။
တချိန်မှာ. . .
ချဉ်ပုပ်ရမှာ သေချာနေတာကြီးကိုများ။

စိတ်ထားလေးက နူးညံ့လိုက်တာ တဲ့။
အိပ်မက်ထဲ လူသတ်နေရင် ဘယ်သူသိမှာ မှတ်လို့။
http://mayang.com/textures/

သူက လူတွေမျက်နှာကို ဖတ်တတ်တယ်နော် တဲ့။
ဒါ skill တစ်ခုလား . . . .
သူများမျက်နှာပဲ ကြည့်နေရတဲ့ဘ၀မို့ ဖတ်တတ်တာလား။


ရိုးရှင်းလိုက်တာ တဲ့။
သပွတ်ခြုံကို 'ခြုံ' တစ်ခုအနေနဲ့ ခြုံကြည့်ရင်လဲ ရိုးရှင်းပါတယ်။

ချစ်တတ်လိုက်တာ လွန်ပါရော. . .
အကယ်ဒမီရှော့တွေလား။

ဘာလဲ. . . ဂွ ကျလှချည်လား လို့ ပြောမလို့လား။
လောကကြီးကိုက ဂွ ကျနေတာကိုများ။

ရေနံ့သာ။

No comments:

Post a Comment