14/05/2010

သို့. . . ဖြစ်တယ်။

ဒီဘ၀ ဒီမှာ ပြီးပြီ။
ယနေ့လို မနက်ဖြန်များ
မနက်ဖြန်လို ယနေ့များ။
ရလို ခဲ့ပါတယ်
Forest Of Delights - Cathie Bleck
ရှင်လို ခဲ့ပါတယ်။
ငါဟာ ဘာမှ မထူးဆန်းတဲ့
လူထဲက လူ
တစ်ယောက်သာ ဖြစ်ခဲ့တယ်။

ပျော်ခဲ့ ရွှင်ခဲ့
နေခဲ့ သေခဲ့. .
ဟုတ်ပါတယ်. .
ဒုက္ခကိုပဲ
သုခလို့ ထင်၊ ငါ
တပ်မက် ခဲ့ရတယ်။
လာပါကွယ်။
ဟောဒီ ကမ္ဘာကြီးကို
စိန်စီ ပစ်လိုက်ရအောင်။

ပုံပြောသူ တစ်ယောက်တော့
မဟုတ်ခဲ့ပါ. . သို့ပေမယ့်
ပုံပြောနေခဲ့တယ်။

လင်းဝေ

No comments:

Post a Comment