14/05/2010

မယုံကြည်ခြင်း

Suspicious Minds - Shasta Ray


သေခြင်းတရားက လွဲလို့
ဘာမှ ယုံကြည်စရာမရှိတဲ့ လောကကြီးမှာ
လက်တွေ့က ငရဲ ဖြစ်နေတာက လွဲပြီး
`တပ်မက်မှု´ဆိုတာ
လူသားရဲ့နိဗ္ဗာန် ပါ။

အသိတွေ၊ သတိတွေ
ဆင်ခြင်မှုတွေ

သွားစမ်းပါ!

မျှော်လင့်ချက်နဲ့ သံသယ
ဘယ်တုန်းက ကင်းဖူးလို့လဲ။ ။



ထွန်းနွယ်

No comments:

Post a Comment