11/05/2010

အပေးအယူ

အခန်းထဲ မှောင်မဲ
တစ်ယောက်တည်း အထီးကျန်ဖြစ်ရခြင်းနဲ့
စကားလုံးတွေ ပလုံစီ
လူတစ်သိုက်ကြား ငုတ်တုတ် အထီးတည်း ဖြစ်ရခြင်း..
အပုံကြီး ကွာတယ်။

ပြုခြင်းနောက်ကွယ်မှာ
မျှော်လင့်ခြင်းတွေ ကပ်ငြိလာရင်..
မစစ်မှန်တော့ဘူး...
ဆိုတဲ့ အတွေးအခေါ်အောက်မှာ..
ငါ့တုန်းက... ဆိုတဲ့ စကားလုံးတွေ ကွယ်ပျောက်... ။

Give or Take 2002 - Louise Bourgeois

ငါ Give& Take ပေါ်လစီ ကို မကျင့်သုံးတတ်ပါဘူး။

ဒါပါပဲ.. ဒါပါပဲ..
နောက်ဆုံးတော့လဲ..
ဒါတွေဟာ.. ဒါတွေပါပဲ။

ရေနံ့သာ

No comments:

Post a Comment