13/05/2010

ခန္ဓာကို နေရာချခြင်း

Where Soul Meets Body - Asyd Rayn
ဒီနေရာမှာ ဖြစ်တည်မှုကြောင့်
ခန္ဓာကို ချထား။

အမှန်တရားက ဖုံးကွယ်
မှားတာတွေက ကျင့်သားရ။

ကြားရတာက တဖက်သတ်
မြင်ရတာက ယုံဖွယ်မရှိ။


အတွေးတွေက ပြောင်းပြန်
လုပ်ရပ်တွေက စည်းမရှိ။

ဖြစ်စဉ်တွေ ခဏထား...
စိတ်ကို အပြင်ခေါ် ခန္ဓာကို ပြန်ကြည့်။

ဒီစိတ်နဲ့ ခန္ဓာ တွဲမထားမှ အဆင်ပြေ
ခန္ဓာကို ပြန်ရွှေ့။

ရွှေ့. . . ရွှေ့. . .
အမှန်တရား အောင်ပွဲမခံသရွေ့
ဒီစိတ်နဲ့ ခန္ဓာ တွဲနေမြဲနေသရွေ့။ ။

ဖိုးစီ

No comments:

Post a Comment