23/05/2010

စစ်မှန်သော ရှုံးနိမ့်ခြင်း

I Still Believe - Patrick Di Fruscia




မိမိခေါင်းငုံပြီး
ဝင်ခဲ့ရသည့် ကြိုးတန်းသည်
ထမီတန်း ဖြစ်ခဲ့ရင်
အမေ့ထမီသာ ဖြစ်ပါရစေ။

မိမိဝမ်းနည်းကြေကွဲပြီး
တိုးဝင်စရာ ရင်ခွင်ရှာခဲ့ရင်
အမေ့ရင်ခွင်သာ ဖြစ်ပါရစေ။

မိမိဒူးထောက်ရှုံးနိမ့်
ဝန်ချတောင်းပန်ခဲ့သည့်အချိန်မှာ
နားလည်းစွာ ရပ်တည်ပေးခဲ့သူသည်
မိခင်မှတပါး အခြားမရှိပြီ။

ဘိုမင်း

No comments:

Post a Comment