09/05/2010

အပြာရောင် ဂြိုဟ်သားများ (၉)

ဖြစ်တတ်နေလိုက်ပုံများတော့
ရေစုန်မှာ အလျားသင့် မျောနေတာ
သောင်နဲ့ တိုက်မှ လန့်ပြီး
သဲတွေနဲ့ ပက်ရတာမျိုး။
http://www.dezeen.com

ဖြစ်တတ်နေလိုက်ပုံများတော့
အပြစ်တင်မှု ဖြစ်လာတိုင်း "လူ" တစ်ယောက်တော့
အနည်းဆုံး လိုအပ်နေသလိုလေ။

ဟုတ်တယ်၊
သူများကို အပြစ်တင်ချင်တဲ့ "ငါ"တော့ လိုတာပဲ။

ဖြစ်တတ်နေလိုက်ပုံများတော့
ကိုယ် မဖတ်ချင်တဲ့ စာကြောင်းက
ကိုယ့်/ဒီ စာကြောင်းရဲ့ နောက်မှာ။

ဘာလုပ်ရင် ကောင်းမလဲ။

ဤ နေရာတွင် ထိုင်းမှိုင်းရတယ်
ဤ နေရာတွင် တွေဝေရတယ်
ဤ နေရာမှ မည်သည့်နေရာကိုမှ မရောက်။


ဤ နေရာတွင်
ဘာလုပ်ရင် ကောင်းမလဲ။

ချမ်းညီချို

1 comment:

  1. ဘာလုပ်ရင် ကောင်းမလဲ။

    ReplyDelete