09/05/2010

အပြာရောင် ဂြိုဟ်သားများ (၈)

ဒီလိုအချိန်မှာ
http://www.dezeen.com
အားလုံးက ကသုတ်ကယက်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းတင်
ဖြစ်လာတဲ့ စက္ကန့်အတွင်းမှာ မောင်းဖြုတ်
ချစ်လှစွာသော ပန်းကလေးတွေက အစ
ခပ်မြန်မြန် နမ်းရှုံ့ဖို့ အားထုတ်ရတယ်။

ဆိုသောကြောင့်
ပစ္စုပ္ပန်ကို တည့်တည့်ရှု၊ မောင်းဖြုတ်
ဖြစ်လာတဲ့ စက္ကန့်ကလေးကို ထိတောင်ပစ်ဖို့။


ဖြစ်နိုင်ရင်
ကုသိုလ်စိတ်ကို ရွှေနဲ့ကြုတ်၊ မောင်းဖြုတ်
မြင့်မြတ်သော ဘုံဘဝ သို့အရောက်
ခြေတစ်လှမ်းစာ နောက်မကျစေဖို့။


ချမ်းညီချို

No comments:

Post a Comment