04/05/2010

ဖြစ်နေကျ အချစ်ပုံစံ (၁၀)

http://galadarling.com/article/things-i-love-thursday63
အချစ်တဲ့. . . ။

ရည်ရွယ်ချက် မရှိလဲ
လက်တွဲလို့ လျှောက်ခဲ့ဖူးတယ်။

အလှတရားကို မျက်လုံးနဲ့ပဲ ခံစား
ဟောင်းလောင်းဖြစ်တဲ့/မယ့်
အစာအိမ်တွေ အကြောင်းလည်း
မေ့မေ့ပျောက်ပျောက်ပဲ။

ဒီလိုနဲ့. . .
သံယောဇဉ်တွေကို သားဆက်ခြား
ဈေးကြီးပေး အကြွေးစနစ်နဲ့
ဝယ်ယူပြီးကာမှ
ကျွဲပခုံးနဲ့ ကျားကန်ထားရတာလည်း
အချစ်ပါပဲ. . . တဲ့။

ဟုတ်တယ်. . . ။
နည်းနည်းပါးပါးပဲ ဖြစ်ဖြစ်
(ငါတို့) ပျော်ခဲ့ရဖူးတယ်။ ။

ချမ်းညီချို

No comments:

Post a Comment