30/04/2010

လမ်းမဲ့

အိမ်မက်ဆိုးတွေ
တဝုန်းဝုန်း ကခုန်နေတုန်း. . .
မနက်ဖြန်တွေဟာ. . .
အလျှိုလျှို ထွက်သွားခဲ့ကြပေါ့။

တကယ်တမ်းတော့ မနက်ဖြန်တွေဟာ
အရက်ခွက်ကျန်နဲ့ တကိုယ်ကောင်းဆန်တဲ့ မိန်းမတွေလိုပဲ
လိုက်လေ ဝေးလေနဲ့. . .
ရွှေသမင် ရင်ကွဲနာကျတာကမှ
ဇာတ်တော်ထဲ ပါရအုံးမယ်။
http://wallpapers.free-review.net/

ငါ့ဘဝကမှ ကိုယ့်ဇာတ်ကိုယ်မနိုင်လို့
ပတ်မကြီး ထိုးခွဲမယ် ဆိုတာတောင်. . .
ကံဇာတ်ဆရာမျက်နှာရ အလိုကျ ဆက်ကနေရတော့. . .
အထူးတန်းမှာ ထိုင်ရလို့ သွေးကြီးနေကြတယ် ဆိုရင်တောင်
ဇီထုပ်လေး. . . . လိမ္မော်သီးလေးလောက်တော့ ပစ်ပေးကြပါ။

အပြစ်ပေးထားတယ် ပြောရအောင်
မင်းမှာကော စာရင်းရှိလို့လား
အညစ်အကြေးများတယ် ပြောရအောင်
မင်းလျှော်ခဲ့ဖူးလို့လား
တော်ခဲ့ဖူးတဲ့ မျက်နှာလဲထောက်ပါအုံး မနက်ဖြန်ရယ်. . .
မင်းနောက်ကို ငါလိုက်နေတာ ၁၅နှစ်ကျော်ပြီ။ ။

အူသောင်

No comments:

Post a Comment