09/03/2010

ခေတ်ပြိုင်နေထိုင်၍ ကဗျာရေးခြင်း

သတင်းတစ်ခု တင်ပို့လိုက်သလို
ဈေးကွက်ဝင်ပြီး အသင့်စားသုံးနိုင်/မနိုင်
အခံသား ကွာတာနဲ့အမျှ
အရသာက တစ်မျိုးစီ
ဒီမိုကရေစီ ဆိုတော့လဲ
ကဲသာကဲ ကဲသာကဲ
ဆွဲမှာပဲ ဆိုလို့ဆို
ရည်ရွယ်ချက် မပါရင်အမှုမြောက်/မမြောက်
(.....................)

ဝတ်မှုန်ရွှေရည်ဟာ ၀တ်မှုန်ရွှေရည်ဖြစ်ပြီးတော့
ပြည့်တန်ဆာမလေး မြူနှင်းဟာ ပြည့်တန်ဆာမလေး မြူနှင်းဖြစ်တယ်

ဘာလဲ? ? ?
ဖြတ်ညှပ်ကပ်လောကကြီးထဲ
ဘာကို ဖြတ်တောက်ထုတ်ဖို့ကြံနေရပြန်တာလဲ?
ခင်ဗျားဟာလည်း ဖွဲ့စပ်ကြီး
ကျွန်တော်ဟာလည်း ဖွဲ့စပ်ကြီး
ဟိုစပ်စပ် ဒီစပ်စပ် ထည့်စပ်ထားတဲ့ ဖွဲ့စပ်ကြီး။

လိုက်တင်ပြောင်းသလို
ပုံသဏ္ဍာန်.. လုပ်ဆောင်မှု.. သရုပ်ဆောင်မှု.. ပြောင်းတယ်

သေချာတာကတော့
မင်းသားပါမှ ဇာတ်ကလို့ရမယ့်ခေတ်က ကုန်သွားပြီ
ဒီမှာ ဗီလိန်တွေချည်း. . . .

(ခါးသလို ချဉ်သလိုလို)
ကိုယ့်ဇာတ်နဲ့ကိုယ်တော့
အဆင်ပြေနေတာပဲ။ ။

ထွန်းနွယ်

No comments:

Post a Comment