26/03/2010

ခင်ဗျားနဲ့ကျွန်တော့်အကြောင်း


ဒီလိုနဲ့ပဲပြီးသွားမှာလား
ဒီလိုမပြီးလို့ ဘယ်လိုပြီးရမှာလဲ
' Welcome To The Hotel California ' ဆိုပြီး ပြီးရမှာလား
' ပြီးပါပြီ ' ဆိုတဲ့ စာတန်းထိုးပြီး ပြီးရမှာလား
သိုးတစ်ကောင်ရဲ့နာကျင်မှုနဲ့. . .
အဆုံးသတ်လိုက်ရင်ကောင်းမလား. . .
ချစ်သူနှစ်ယောက်ရဲ့ပျော်ရွှင်မှုနဲ့ဆိုရင်ကော။
မြို့ပြလူ့အဖွဲ့အစည်းမှာ ခေတ်စားနေတာကတော့
အထီးကျန်မှု. . . အထီးကျန်မှုပဲ
ဒီလိုပါပဲကွာ. . .
မပြီးချင်ပေမယ့် ပြီးရတာပါပဲ. . . .
ဒီလိုပဲပေါ့ကွာ. . . ဒီလိုပဲပေါ့။


လင်းဝေ

No comments:

Post a Comment