12/03/2010

လုံးလည်ချာလည်

သူတို့ဘ၀နဲ့ သူတို့
သူတို့ဘာသာ ပျော်နေပေမယ့်
ကိုယ်ကလဲ
ကိုယ့်ဘ၀နဲ့ ကိုယ်ဆိုတော့
သူတို့နဲ့ ပက်သက်ပြီး
မပျော်နိုင်ပါဘူးတဲ့။

တခါလာ ဒါတွေချည်းပဲဖြစ်နေလို့
ဟိုဟာဒီဟာတွေ
ပြောင်းကြည့်တော့လဲ “တစ်ခါလာ" တွေချည်း ဖြစ်နေလို့ မပျော်နိုင်ပါဘူးတဲ့။

လိုက်လျောညီထွေ
အရောင်ပြောင်းလွန်းတော့
စပ်ထည်ကြီးလို
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့
ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့
ဘယ်လောက် အရောင်စုံစုံ
နဂိုကတည်းက ဖွတ်ဆိုတော့လည်း
အရောင်ဘယ်ထွက်ပါ့မလဲ
ဆိုပေမယ့်လည်း
ခပ်မွဲမွဲအရောင်တော့
ထွက်နေတာပဲ။

ဆိုပြန်တော့ကာ
သူ့အရောင်နဲ့ သူဆိုတော့
ကိုယ့်အရောင်လေးကိုယ်
မြဲနေအောင် ပွတ်လိုက်ရ
ပိုထွက်လာအောင် သလိုက်ရ

ငြင်းလို့မရတဲ့ စိတ္တဇနာမ်တွေအတွက်
မီးပုံကြီးထဲ ခုန်ခုန် ဆင်းလိုက်ရ
နှင်းတောကြီးထဲ ပြေးပြေး တိုးလိုက်ရ
မိုးရွာကြီးထဲ ဆင်းဆင်း ချော်လဲလိုက်ရ
တံတိုင်းတွေဆောက်. လမ်းတွေဖောက်နဲ့...

(ရော်. . . ခက်ပြန်ပါရောလား)
ငြင်းလို့မရပါဘူး ဆိုမှတော့ဗျာ။ ။

ထွန်းနွယ်

No comments:

Post a Comment