13/03/2010

မင်းသားကြီး



 ''သူပျော်ရင် ကျွန်တော်တို့လဲ ပျော်တယ်
 သူငိုရင် ကျွန်တော်တို့လဲ ငိုရတယ်'' တဲ့....

 အထိုးအကြိတ်၊ အသတ်အပုတ်..
 အကြမ်းအရမ်း၊ အနမ်း၊အလွမ်း..
 အားလုံးစွယ်စုံရတဲ့သူကြီးရယ်....

 ပတ်မကြီးတော့ ထိုးမခွဲလိုက်ပါနဲ့....
 ဒီတခါဇာတ်ကလဲ ခင်ဗျားရဲ့ဇာတ်ပါပဲ....

 ပျော်ရင်ပျော်သလောက် မိုးလင်းတဲ့ထိ
 စိတ်တိုင်းကျသာ ကပါ...

 သေပြီးသားအခန်းက ပါခဲ့ပြီးပြီ ဆိုရင်တောင်
 ကျုပ်တို့ ရုပ်ဖျက်ပြီး နောက်ထပ် ဆက်ကပေးပါ့မယ်...

ဒါပေမဲ့ ခင်ဗျားရဲ့ အကယ်ဒမီရှော့တွေကိုတော့ နဲနဲလျော့ပါအုံး
အောက်မှာ ပရိသတ်က ဖျာသိမ်းနေပြီဗျ..............................
 
ကံဂျီမူရာ

No comments:

Post a Comment