04/03/2010

ဖြစ်နေကျ အချစ်ပုံစံ (၅)

ဦးတည်ချက်မဲ့ ဖတ်ခဲ့သော စာအုပ်တွေ ဘယ်လောက်တောင်များခဲ့ပြီလဲ။


လျှောက်ခဲ့သော လမ်းတွေ၊ ပြောခဲ့သော စကားတွေ အကုန်လုံး အသွားထက်ထက်နဲ့ ငါ့ကို ပြန်ရစ်ပတ်နွယ်ငင်ကြ။

သွေးစိမ်းရှင်ရှင်ကျပြီး ကမ်းခြေကို လမ်းလျှောက်ထွက်တိုင်း ဖန်သီးတစ်လုံးနှင့် တွေ့မည်ဟု ဘယ်နှစ်ကြိမ်မြောက် မျှော်လင့်မိမှန်းလည်း ငါ မသိတော့။

တစ်နှစ်တစ်စောင် ဝယ်၍ သိမ်းထားသော ပြင်္ကဒိန်အပုံကြီးမှာလည်း အခန်းထောင့်တွင် လဲကျလို့နေပြီ။

မူးယစ် ချိုအီနေသော သီချင်းအဟောင်းတို့က မျက်နှာကျက်တွင် ချိတ်ဆွဲထားသောမီးလုံးမှ တစ်ဆင့် ငါ့ရဲ့ မျက်နာပေါ်သို့ တစက်စက်ကျဆင်းလာနေပြီး မျက်နှာကျက်ကျက်တစ်စုံကတော့ ဆွံ့အ၊ အမူအရာနဲ့ပဲ သရုပ်ဆောင်။

မျက်ရည်ဥတွေကတော့ မျက်ကြည်အိမ်နားတစ်ဝိုက်မှာ ဒိုင်သူကြီးရဲ့ ဝီစီသံကိုပဲ စောင့်နေတော့တဲ့ မာရသွန် အပြေးသမားတွေလို အသင့်ပြင်လို့။



အသုဘမှာ ချုပ်တည်းထားခြင်းထက် ငိုကြွေးလိုက်ခြင်းဟာ ပိုသက်သာတယ် ဆိုတာ အမှန်ပါပဲလေ။ နှလုံးသား ဈာပနမှာ မျက်ရည်ဟာ ဖဲကြိုးဝါဝါ တစ်စုံ။

တစ်ကမ္ဘာလုံးမှာတွေ့ရတဲ့ ကျီးကန်းတွေ အကုန်လုံးက အမည်းချည်း မဟုတ်ပါလား။

ဒီတော့ ဖိနပ်အသစ်စီးတိုင်း ခြေလှမ်းကြဲကြဲလှမ်းတာကလည်း ငါ့ မသိစိတ်ပေါ့။

ဒီလိုနဲ့ ဒယ်အိုးထဲကနေ မီးဖိုထဲကို ခုန်ချ။ ကြွက်တွေလို သမုဒ္ဒရာထဲမှာ နစ်နေတဲ့ သင်္ဘောကို စွန့်ခွါရရင် ကောင်းမလား။ သမုဒ္ဒရာထဲမှာပဲ အပ်ကိုလိုက်ရှာတာက ပိုကောင်းမလား။

ဒီမှာ လေတိုက်ရင် မြက်ပင်တွေပါ ကိုင်းညွှတ်ရတယ်လို့ ငါ့ကို လာမပြောပါနဲ့။ ယမမင်းက ဆင့်ခေါ်ရင် ဘယ်သူမှ မငြင်းနိုင်ဘူးဆိုတာလည်း သိလို့ပါ။

ဒီလိုနဲ့ပဲ မျက်ကန်းငါက မီးအိမ်ကြီး ကိုင်ထားပြီး မာရသွန်ပြေးပွဲမှာ ဒိုင်လူကြီးရဲ့ ဝီစီသံကို ကိုင်းညွှတ်။

ချမ်းညီချို
16-02-2010

1 comment: