25/03/2010

မျိုသိပ်ခြင်း (၅)

ဟိုလိုလို ဒီလိုလို
လုပ်မနေနဲ့ မောင်ကံ
မင်းလည်း တခုခုလိုနေသလို
ငါလည်း တခုခုလိုနေတာပဲ . . . .

ဘာပဲပြောပြော
ငါတို့ လူပီသတယ်ဆိုတာ
သက်သေပြဖို့တော့
အလိုမပြည့်ခြင်းဆိုတာ
လိုအပ်နေဦးမှာပဲ . . . . . ။

မောင်ရင်ငဇေ

2 comments: