25/03/2010

တံဆိပ်တပ်ခြင်း

အပွနဲ့အကျပ်
အတိုနဲ့အရှည်
အဆိုနဲ့အပြော. . . . . . .

ဘဝနဲ့အချစ်
လက်ဝဲနဲ့လက်ယာ
အငိုနဲ့အသော. . . . . .

မီးနဲ့ရေ
ခွေးနဲ့ကြောင်
အဖြူနဲ့အမဲ..........

ကိုယ်ကြိုက်ရာကိုယ်ရေး
အဲဒါ modern လား?
မမေးဘူး. . . .။
နားလည်ရင်လက်ခံ
နားမလည်ရင် နှစ်ပြားမတန်အောင်သာပြော
ဖတ်လို့ကောင်းရဲ့လား?
မမေးဘူး. . . .။

အမေပေးတဲ့အသက်
အဖေပေးတဲ့ခေါင်း
ငါ့ရဲ့ အသုံးမကျတဲ့ဦးနှောက်နဲ့
ငါ့လက်ချောင်းအောက်က keyboard မပျက်စီးသေးသမျှ
အပေါစားအတွေးအခေါ်များ ဈေးနှိမ်၍ပေးမည်။
(သို့သော် တံဆိပ်တပ်ခြင်းသည်းခံပါ။ ။ )

ကံဂျီမူရာ

1 comment: