23/07/2010

ဖြစ်နေကျ အချစ်ပုံစံ (၁၁)

ဒီလိုနဲ့
ကျွန်တော်တို့ ဟာ
အင်တာနက်၊ တယ်လီဖုန်း
ဓာတ်ပုံ၊ ဗီဒီယို၊ မိုက်ကရိုဖုန်းနဲ့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။
Smoke Damage

စာလုံးများဟာ ဖတ်သူရှိမှ
စကားလုံးများ ဖြစ်လာတာမို့...

ကျွန်တော်တို့ဟာ
အသံတိတ် ချစ်ကျွမ်းဝင်လို့
စိတ်ကောက်လို့၊ လိုက်ချော့လို့
ကြည်နူးလို့၊ လွမ်းလို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
တွေ့ရင် ပျော်လို့
မတွေ့ရင် လွမ်းလို့
သွားလေရာ သူ့အရိပ်ပဲ ဖြစ်လို့
ကြားလေရာ သူ့အသံပဲ ဖြစ်လို့
မြင်လေရာ သူ့မျက်နှာ ဖြစ်လို့
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ဒီလိုနဲ့
ကျွန်တော်တို့ဟာ
အရင် ခေတ်တွေကလို
ခေတ်ကြီး တစ်ခေတ်အတွင်းမှာ
ပျော်တတ်ခဲ့ကြပါတယ်။

ချမ်းညီချို

No comments:

Post a Comment