အရိုးရယ်၊ အသားရယ်နဲ့ ဟန်တလုံး ပန်တလုံးရယ်
တည်တည်တံ့တံ့ရယ်၊ သမာသမတ်ရယ်
အမှန်တရားရယ်တဲ့ မဟုတ်မတရားနဲ့လား
လားလားမှ မအပ်စပ် ဆင်တော်နဲ့ ခလောက်
စာကလေးနဲ့ အမြောက်လို၊
Eyeball Running From The Dumb Man |
ဖင်ပေါ်လို့တောင် ဖုံးစရာမရှိတော့တဲ့ဘဝ
ရှိစေတော့ ရှိစေတော့. . .
ရိုးသားမှု ဂုဏ်သိက္ခာနဲ့ နာမည်တလုံးတော့ အရူံးမခံဘူးကွ !!!
" ရိုးသားမှုကြီး ရိုးသားမှုကြီး. . . ကလေးတွေငတ်နေပြီတဲ့ "
သူ့အမေ. . ငါ့ကို သားသတ်သမားလက် အပ်လိုက်ဟ!
ရိုးသားမှုကြီးကိုဖြတ် အရပ်ဝေတော့ တပြုံးပြုံး တအုံးအုံးနဲ့
ကျော်ကြ၊ ချက်ကြ၊ စားကြ၊ သောက်ကြ
ငါတို့မှာတော့ မျက်ရေစက်လက် ရင်ကွဲပက်လက်
ရိုးသားခြင်းတောင် အသားကုန်လို့ အရိုးပဲကျန်တော့. .
'ခွေးကျွေး မြေမြုပ်ပေါ့ တဲ့'
ဒါတောင် တယောက်က ခပ်ပြက်ပြက် ပြောသေးတယ်
'ကျားမို့လို့သာပေါ့ ရှင်ကြီးဆို အရိုးတောင်ကျန်မှာ မဟုတ်ဘူးတဲ့'
ရိုးသားခြင်းတွေကတော့ နောက်ဆုံးမှာ ပြုံးပြုံး၊ ပြုံးပြုံးနဲ့ တန်းစီကောင်းတုန်း။ ။
အူသောင်
No comments:
Post a Comment