04/07/2010

အပ်ကြောင်းထပ် ဓာတ်ပြားအို

ဒီကောင် တော်တော်မျက်နှာကြီးတယ်။

တချို့က ဒီကောင့်ကို မကောင်းဆိုးဝါး တဲ့။
တချို့ကတော့ နတ်ဘုရား ဖန်ဆင်းရှင် တဲ့။

တချို့က ဒီကောင့်ကို စက်ဆုပ်ရွံရှာနေချိန်မှာ ..
တချို့ကတော့ ကိုးကွယ်နေကြတယ်။

ဒီကောင့်ကို ချစ်သူတွေ များသလို ...
မုန်းသူတွေလဲ မနည်းဘူးပဲ။
http://wearethebusiness.blogspot.com

ဒီကောင့်ကို မွှန်းတင်နေကြချိန်မှာပဲ...
ကြောက်ကန်ကန်လို့ ရှုတ်ချဝေဖန်ရင်း မအားသူတွေလဲ ရှိတယ်။

ဒီကောင့်ကို ပိုင်ဆိုင်ထားရင်...
လက်ညှိုးညွှန်ရာ ရွှေဖြစ်..
ရေနံဖြစ်..
ယူရေနီယံဖြစ်..
နိုင်ငံခြားငွေဖြစ်သတဲ့ဟေ့!
အံ့ရောပဲ။

မင့်ကောင် ဒီလောက်စွမ်းတာ ဟုတ်ပါ့မလား...
မင့်ကောင် မလုပ်နိုင်တာတွေရှိပါတယ် ဆိုတဲ့ အထဲမှာ...
ချစ်ခြင်းမေတ္တာက ထိပ်ဆုံးက။

ဟုတ်ပါတယ်လေ.. ဆရာကြီးကလဲ။
ဒီကောင်က ချစ်ခြင်းမေတ္တာကိုတော့ မ၀ယ်နိုင်ဘူး... မဖန်ဆင်းနိုင်ဘူး။
ဒါပေမယ့်...
ချစ်ခြင်းတွေကိုတော့ လက်စသတ်စေတယ်။
ပွေ့ဖက်နမ်းရှုံခြင်းတွေကို ဖျာလိပ်စေတယ်။
ကြိတ်ငိုစေတယ်။
တက် ခေါက်စေတယ်။
အံကြိတ်စေတယ်။
ပူဆွေးစေတယ်။
နှုတ်ခမ်းထောင့်တွေကို ကွေးကျစေနိုင်သလို
ထောင့်စွန်းတစ်ဘက်တည်းဆီကိုပဲ လဲယိုင်စေနိုင်တယ်။

ဒီကောင့်ကို လျှော့မတွက်နဲ့။


ရေနံ့သာ

No comments:

Post a Comment