08/07/2010

အိုင် အမ် အေ ဖီလော်ဆော်ဖာ

ညနေက. . . ဒီက ငါးတန်းကျောင်းသားနဲ့ ခဏတဖြုတ်စကားပြောဖြစ်တယ်။ ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ လို့မေးတော့ Great! We did Philosophy တဲ့။ ဖီလော်ဆော်ဖီ ဆိုတော့ ဘာတွေသင်လဲ မေးရင်း စိတ်ထဲပေါ်လာတာက ပလေတို တို့ ဘာတို့ အကြောင်းကြားရမယ်လို့ ထင်နေတာ။ ဘယ် ဟုတ်ပါ့မလဲ။ မေးခွန်းတွေ စဉ်းစားရတယ်တဲ့။ လူတွေ ငြင်းကြခုန်ကြတာ ကောင်းသလား။ ဘာလို့လဲ။ ဘယ်လို အကျိုးအပြစ်တွေ ရှိနိုင်သလဲ။ ပိုက်ဆံချမ်းသာရင် ပျော်မယ် ထင်သလား။ ပြည့်စုံမယ် ထင်သလား။ ဒါမျိုး မေးခွန်းလေးတွေ။ အဲ့ဒါနဲ့. . မင့်ဘယ်လိုထင်တုန်း မေးတော့. . . ဆရာသမားကလဲ အလာကြီးပဲ။ It depends တဲ့။ ပိုက်ဆံကို နင် ဘယ်လို သုံးချင်တာလဲ။ ဘယ်လောက် ရှိချင်တာလဲ တဲ့။ အမေးကို အမေးနဲ့ ပြန်လာတာ။ အင်းပေါ့လေ. . ဒီလို အခြေခံပညာရေးပေးတဲ့ ဒီလို တိုင်းပြည် လူမှုအဆင့်အတန်း ကောင်းတာ မထူးတော့ မထူးဆန်းပါဘူး။

Monkey Thinker

သူများ တိုင်းပြည်က ဦးနှောက်ကို သုံးပြီး ရေရေလည်လည် တွေးတတ်ဖို့ ပျိုးထောင်နေချိန်မှာ ကြီးတော်တို့များနိုင်ငံမှာတော့. .

' မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဧ။် ဆန်အိုးကြီးဖြစ်ပါသည်. . .'

' ၁၈၇- က တစ်ကြိမ်၊ ၁၈-- က တစ်ကြိမ်၊ ၁၈၈၅ တွင် တတိယအကြိမ်မြောက် ကျူးကျော်စစ်ကို ဆင်နွှဲကာ. . .   ဗြိတိသျှတို့သည် ... ... ..'

' My name is Kyaw Kyaw. My father name is U Mya. I live in North ----. I have two brothers and sisters.'

' တြိဂံတစ်ခုဧ။် အတွင်းထောင့်သုံးထောင့်ပေါင်းခြင်းသည် ၁၈ဝ ဒီဂရီဖြစ်ပါသည်။'

' ကျွန်မနာမည် မြမြ ဖြစ်ပါသည်။ ကျွန်မဧ။် အဖေနာမည်မှာ .. ... '

ကြီးတော်တို့ တိုင်းပြည်လို တိုင်းပြည်ကလာတဲ့. . ကြီးကောင်ကြီးမားမှ ဖီလော်ဆော်ဖီဆိုတာကို ကျွမ်းဝင်ဖူးတဲ့ ပလေတို၊ အရစ္စတိုတယ်လ်၊ ဒေးကာ့ လော့ခ် စသည်ဖြင့် လူကြားထဲ မျက်စိသူငယ် နားသူငယ်မဖြစ်ရအောင် ဖီလော်ဆော်ဖာနာမည်တွေကိုသာ ကျက်မှတ်ထားဖူးတဲ့ ကြီးတော်တို့ ပိန်းချက်၊ ပုဂ္ဂိုလ်စွဲကြီးချက်ကတော့. . . . နာမည်ကြီး ဖီလော်ဆော်ဖာတွေ တွေးတဲ့ အတွေးအခေါ်တွေမှသာ ဖီလော်ဆော်ဖီ လို့ ထင်နေတာကိုး။

ရေနံ့သာ

No comments:

Post a Comment