08/07/2010

အိပ်မက်

Dream Catcher Clock
ငါ အိပ်မက် မက်ခဲ့တယ်. . .
နင်က ငါ့ဆံပင်တွေ ဖြီးပေး
ငါက နင့်ဆံပင်တွေ ဖွပေး
ငါတို့ ပိုင်ဆိုင်ဖူးတဲ့ ဘဝလေးကို
အိပ်မက်ထဲမှာ ငေးခဲ့တယ်. . . . ။

ဆံခြည်တမျှင်လောက်တောင် မခိုင်မြဲခဲ့. . . .
နင့်ဆံနွယ်ပေါ် ပန်းတခင်းပျိုးဖို့ ကြိုးစားရင်း
ဆံပင်တွေကို ငါချစ်ခဲ့တယ်
အိပ်မက်တွေက လန့် လန့်နိုးလာတဲ့အခါတိုင်း
ဆံပင်တွေ ပို ပိုရှည်လာခဲ့ရတယ်. . . . ။

မောင်ရင်ငဇေ

No comments:

Post a Comment