25/04/2010

ပဲ့တင်သံ

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
နွေးထွေးတဲ့ မေတ္တာစောင်လေး စိုးစဉ်းမှ လွှမ်းခြုံ မပေးတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
ညီလိုကိုလိုရိုင်းပင်း ကောက်ရိုးမျှင်လေးမှ ကမ်းမပေးတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
စိတ်တူကိုယ်တူ လောကကြီးကိုမှ ပြက်ရယ်မပြုနိုင်ရင်
Turbulenzen - Carmen Kroese

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
ကျေနပ်တဲ့ ဖြေရှင်းချက်နဲ့ ပုစ္ဆာလေးမှ တွက်မပြတတ်ရင်

အနားမှာ ဘယ်သူမှရှိဖို့ မလိုပါ
သံသယမှောင်ခွင်းမဲ့ မျော်လင့်ချက်အလင်းပျပျမှ မလင်းရရင်

တောင်းတယ်. . . အတောင်းမတတ် ငတ်သည်။
တောင်းလဲမရ. . . ငတ်သည်။
ဘယ်နှခါများ ဆက် တောင်း နေရမလဲ

ရှိသင့်ရသင့်သော မွေးရာပါရပိုင်ခွင့်အတွက်. . .
စံနှုန်းတူ ညီမျှသောလှိုင်းများ အတွက် . . .
ဘယ်လောက်ထိ ဆက်ပြီး တိုက်ပွဲဝင်ရမလဲ

ရိုးသားခြင်းနဲ့ နွှဲတဲ့ ဒီပွဲမှာ
အရှုံး၊ အငြိုး၊ အမုန်းနဲ့ မျက်ရည်ပေါက်ကြီးငယ်တွေက
မလိုမတောင်းပဲရတဲ့ အပိုဆုတွေပါ။

သူတို့ပြောသလို . . .
ဒီလိုနဲ့ပဲ. . . ဒီလှေကြီးစီး ဒီခရီးကြီးသွားရင်း
(စုန်တယ်ပြောပြော ဆန်တယ်ပဲပြောပြော)
ကွေ့ကောက် ဝင်္ကများလွန်းလှတဲ့
' ဒီမြစ်ကြီး မြစ်ကျိုးအင်း မထွန်းပါစေနဲ့ 'လို့ ဆုတောင်းရင်းပေါ့။ ။


ယိုဒါရှီးမား

No comments:

Post a Comment