23/04/2010

အိမ်ပျက်

မသိလို့ပါ. . . . .

ဒီအိမ်မှာ လူကြီးက ခင်ဗျား

The Abbey In The Oakwood(1809-10) - Caspar David Friedrich
အစကတည်းက လိုလိုလားလား

ဘယ်သူမှ မခိုင်းခဲ့ပေမယ့်

အားလုံးကို ဓါးမိုးပြီး အတင်းကြီး

အုပ်ချုပ်နေရတဲ့သူဆိုတော့

အားအင်ပြည့်ဝဖို့ စားစရာရှိရင်

ဦးဦးဖျားဖျား အသားကို

ခင်ဗျားက ပိုပြီးစားသင့်တာပေါ့

အရိုးအရင်း အကြွင်းအကျန်ကိုတော့

အုပ်ချုပ်ခံ လူတန်းစား

ကျုပ်တို့လို အိမ်သားတွေအဖို့

အထူးတလည် အောက်ကျို့ခံမနေတော့ပါဘူး။ ။

အင်း. . . . .

တယောက်တည်းထိုင်နေတာတောင်

ဟိုဘက် နည်းနည်းတိုးပေးပါလို့

ပြောယူရတဲ့ ဒီ အိမ်ပျက်ကြီးမှာ

ကျုပ်တို့ကပဲ ညံ့ဖျင်းလွန်းတာလား. . . ? ?

မတတ်သာလို့ ခိုနေရတဲ့

ကျုပ်တို့ခေါင်းပေါ်က ခေါင်မိုးကပဲ

ယို. . . ယို နိုင်လွန်းတာလား. . . . ? ?

မသိလို့ပါနော်

တကယ်ကို မသိလို့ပါ။      ။


သားခွန်

No comments:

Post a Comment