23/04/2010

အပြာရောင် ဂြိုလ်သားများ (၆)

ဒီလိုပါပဲ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဆိုတာကြီးများ
ဇာတ်ဝင်ခန်း ရောက်လာပြီဟေ့ဆိုရင်
ဘဝဟာ
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်
အာမခံချက် မရှိတော့ဘူး။
http://dtproductions.wordpress.com/

ဒီလိုပါပဲ
ငေးကြည့်မိရာက
ပြတင်းပေါက် မဟုတ်ပဲ
ပိတ်ကားဖြစ်နေမှတော့
(ဘဝဟာ)
ရုပ်ရှင်လိုပဲ ကြည့်နေရတော့တာပေါ့။

အဲသလိုနဲ့. . .
ဟာလာဟင်းလင်း ဝမ်းနည်းမြို့ကြီး မှာ
အသုံးမဝင်တော့တဲ့. .
ဇာတ်ဝင် အဝတ်အစားပုံကြီးအတွင်း
အတွေးအခေါ်ကျမ်းတွေကို ဆွဲထုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့ သုတ်ပြီးပဲ ထိုင်နေလိုက်မယ်။

တကယ်ဆို
အရုပ်သေနတ်နဲ့ပဲဖြစ်ဖြစ်
ငါတို့ကိုယ် ငါတို့
ဇာတ်သိမ်းကြည့်ဖူးခဲ့ရမှာ


အဲဒီ
"ဖြစ်ချင်တဲ့ ဆန္ဒ" ဇာတ်ဝင်ခန်းကြီးကို
မကြည့်ရအောင်လို့လေ။

ချမ်းညီချို

No comments:

Post a Comment