08/02/2010

အ ဝေး က ဖ ခင် သို့

အို.... ဖခင်
ဖခင်ရဲ့ရင်ထဲမှာ
ဘာတွေကိုခံစားကျိတ်မှိတ်
မျိုသိပ်နေရတယ်ဆိုတာ
ဖွင့်ဟမပြောပေမဲ့
သားတယောက်အနေနဲ့
သိနားလည်နေခဲ့ပါတယ်။

အို.... ဖခင်
ဖခင်ဟာ မယားတကွဲ
သားသမီးတကွဲနဲ့
ယုံကြည်မှုတခုအတွက်
ဘဝကို ရဲရဲကြီး ပေးဆပ်နေခဲ့တာ
သားတယောက်အနေနဲ့
မြင်တွေ့နေခဲ့ပါတယ်။

အို.... ဖခင်
ဖခင်ရဲ့မွေးနေ့မှာ
မိသားတစုဆုံတွေ့ရမဲ့အစား
ထောင်နံရံလေးဘက်ကြားက
သံတိုင်တွေကို ကိုင်ရင်းငေး
ဘာတွေကိုတွေးနေမလဲဆိုတာ
သားတယောက်အနေနဲ့
သိချင်နေခဲ့ပါတယ်။

အို.... ဖခင်
သေချာတာတခုက
တိုင်းပြည်အတွက်အကျိုးပြု
လူမျိုးစုဘက်ကရပ်တည်
တိုင်ရင်းသားညီနောင်တွေနဲ့
တကယ်စစ်မှန်တဲ့
ဖယ်ဒရယ်ပြည်ထောင်စုအဖြစ်
ရရှိရန်ရည်ရွယ်ရင်း
ဘယ်လိုပင် အကျဉ်းကျခံနေရပေမဲ့
ပြင်းပြတဲ့စိတ်ဓာတ်နဲ့
ဆက်လက်တိုက်ပွဲဝင်နေအုံးမယ်ဆိုတာ
သားတယောက်အနေနဲ့ရော
ပြည်သူပြည်သားတယောက်အနေနဲ့ပါ
ယုံ ကြည် နေ ဆဲ ပါ လေ...... ။




သားခွန်
11 September 2009

No comments:

Post a Comment