26/02/2010

ကျွန်တော် ကဗျာရေးနေသည်။

ကျွန်တော် ကဗျာရေးနေသည်။
သို့သော် ......................
မောင်ချောနွယ်ကို မသိ
မိုးဝေလား မိုးဝေးလား မသိ
ဒေးကားကား ဝေလာဝေး
နတ်တဂိုးဆိုတာ ကြားသာကြားဖူး၏

' ဖြစ်တည်မှု ပဓာန၀ါဒီ ' ဆိုတာ ရုပ်ဝါဒီ ဟုထင်၏
ပီကာဆိုကို အတ္တကြီးသူဟု ထင်၏
ရှင်ကြီးဂေါတမ၏ ' မိမိကိုယ်သာ ကိုးကွယ်ရာ ' ကို
မိမိသည်သာ အဓိကဟု လက်ခံ၏
ကာရန်ဆိုတာ ပကာသနဟုထင်၏

သို့သော် ယခု. . .
ကျွန်တော်သိသမျှကို. .
ကျွန်တော် ခံစားရသမျှကို. .
ကျွန်တော် တတ်သမျှဖြင့် ဖော်ထုတ်၏
ခင်ဗျားတို့ မည်သို့ခံစားရမည်ကို ကျွန်တော်မသိ
ခံစားချင်သလို ခံစားရလိမ့်မည်...

သို့သော် ကျွန်တော် ခံစားရသည်ကို ကျွန်တော်ရေးနေ၏
ထို့ကြောင့် ကျွန်တော် ကဗျာရေးနေသည်။

မောင်ဖျံလေး

1 comment: