04/02/2010

ပုံမှန်


ငယ်ငယ်ကတော့..
ပုံမှန်ထက် ပိုပိုထူးခြားချင်တယ်
ပုံမှန်ထက် ပိုပိုထင်ပေါ်ချင်တယ်
ကြီးကြီးလာတော့ ထူးဖို့လုပ်ရင်း
ထူးထူးသွားတာက.. နည်းနည်း
ရူးရူးလာတာက.. များများ
တွေ့တွေ့လာရတော့..
ပုံမှန်ပဲ ပိုပိုဖြစ်ချင်မိတော့တယ်။ ။

ယိုဒါရှီးမား
040210

1 comment:

  1. အဲဒါ အမှန်ပဲ။ သိတာများ လာလေလေ ပုံမှန်ဖြစ်ချင်လာ လေလေပဲ။ ဟဲဟဲ..

    ReplyDelete