သိပ်မြန်တဲ့ စကား ၊
သိပ်မြန်တဲ့ ရထား ၊
လျှပ်တပြက် အတွင်းမှာ ဘာမှ မသိလိုက်ဘူး။
Keith Haring |
ဒီမှာ ၊ သတင်းပုဏ္ဏက တိုက်ခံနေရသူတွေ။
ဒီမှာ ၊ အသိဥာဏ်မွန်းလို့ လေသန့်ရှာနေရသူတွေ။
တတ်ခဲ့ဖူးတဲ့အတတ် ၊ ဖတ်ခဲ့ဖူးတဲ့ စာအုပ်
ခဏ ခဏ ၊ လာလာ ခြောက်နေတယ် ၊
ခဏ ခဏ ၊ ၀င်ဝင် စီးနေတယ်။
လူကြီးမင်း ခေါ်ဆိုလိုသော မဏိမေခလာမှာ. . . . . . . ။ ။
(သတိပေးချက်။ ကျန်းမာရေးအတွက် ခေါင်းကိုငုံ ခါခါထုတ်ပေးပါ
ခု ကျွန်တော့် ကဗျာ အပါအ၀င်ပေါ့)
ထွန်းနွယ်
No comments:
Post a Comment