04/03/2011

ငါ. . မသိကိန်းနှင့် ပိုလက်တစ်များ

နီယွန်ပြကွက်ရဲ့ ကိန်းဂဏန်းတွေကြား
ကြည့်ရင်းလေ မမြင်တော့
မှော်တတ်ဆန်းပြားနဲ့ ကြင်နာဒီရေအကျ
မထွာပဲ တိုင်းမိတော့
အလင်းအမှောင်က
မှား မြဲ. . . ဆက်. . . မှား

အို. . . . . . ငါ့ရဲ့ နာကျင်ကျွန်းများ     

Horde - Erik Mansson
အလင်းတန်းရဲ့ဆုံမှတ်တစ်ခု. . .
နောင်တတစ်ခု. . . တဲ့လား
စိတ်တံခါးဝမှ ကျူးကျော်ဝင်ရောက်သော်
အနက်ရှိုင်းဆုံးသို့. . ထွေးပိုက်သိမ်းယူလိုက်ပါ
ဂျွန်ပေါရဲ့ ဖာတီမာနတ်သမီးကို ဆောင်ရင်း. .
အချစ်. . . ကြယ်ကြွေများနှင့် ငါ့အတွက် စစ်ခင်းပါ။         ။




ယိုဒါရှီးမား

No comments:

Post a Comment