18/01/2011

သင်ခန်းစာ

အကောင်းဆုံးဆိုတဲ့ အရာတွေကို
ဆိုးဆိုးရွားရွား ပြူမူခဲ့လို့
(သို့မဟုတ်)
အကောင်းဆုံးအရာတွေကိုစွန့်လွှတ်ဖို့
အကောင်းဆုံအနေအထားမှာ မရှိခဲ့လို့
(သို့မဟုတ်)
အဆိုးရွားဆုံး အခြေအနေကိုလက်ခံဖို့
ဆိုးဆိုးရွားရွား ငြင်းဆန်ခဲ့လို့
(သို့မဟုတ်)
အဆိုးအကောင်းဆိုတာကို
ကောင်းကောင်း မခွဲခြားတတ်ခဲ့လို့
အကောင်းဆုံးတွေ ပျောက်ပျောက်ပြီး
အဆိုးဆုံးတွေမှာပဲ ရုန်းရင်းနစ်ခဲ့. . . . ။

Reflection# II - AR

အဆိုးဆုံးတွေကို အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ ကြိုးစားရင်း
အဆိုးအကောင်းကြားမှာ အမျိုးမျိုး ပြောင်းလဲတတ်လာတယ်။

အကြောင်းအမျိုးမျိုးကြောင့်လည်း
အမျိုးမျိုးသော အကြောင်းအရာတွေ နဲ့
ရင်ဆိုင်တတ်လာတယ်။

နောက်ဆုံးတော့
အဆိုးအကောင်းတွေကိုလည်း
အကောင်းအဆိုး မခွဲခြားချင်တော့ဘူး။



မောင်ရင်ငဇေ

No comments:

Post a Comment