14/08/2010

မနေ့က အိပ်မက်များ စိမ်းပါသည်

အလို
အတောင်ပံနဲ့ ကောင်းကင်ဟာ ကြီးမားစွာ ဆက်စပ်နေခဲ့ပေါ့။
ငါမပျံတဲ့နေ့မှာ ကောင်းကင် မရွှင်ပျဘူး။
ငါတေးမဆိုတဲ့နေ့မှာ ကောင်းကင် မြူးကြွမနေဘူး။

If We Wanted To(2005) - Chris Duncan
အိမ်ဂေဟာအမှတ်နဲ့
ဒီ
အယူဝါဒ
အတွေးအခေါ်
ကျမ်းစာ
ဂိုဏ်းဂဏမှာ
ခဏလေး
နားခဲ့မိပါတယ်
အဲ့ဒါ မှားတာပဲ. .

ပျံသန်းခြင်းမှာ
ဒဏ်ရာများစွာပဲ အဖတ်တင်တယ်။

အခုတော့
' မှုန်မှုန်မွှားမွှား၊ ဝိုးတဝါးရယ်
ရှေ့ကဘာဆီ၊ ရှိလိမ့်မည်လဲ. . '
မသိနိုင်ဘူး
ဆက်၍တော့
ပျံသန်းရဦးမယ်။

ကောင်းကင်ဆိုတာ အကျယ်ကြီး
ငှက်ကလေး ဘယ်လို
ပျံ.. ပျံ..
..
ဆက်သာ ပျံ။        ။

ချမ်းညီချို

No comments:

Post a Comment