10/05/2011

ကြက်သွန်

Red Onion - Sarah Berry


ငါ့အတွက်မငိုပါနဲ့. . . .
ငါ့ရင်ကို ခွဲ
ငါ့ဘဝကို အစိတ်စိတ် အမွှာမွှာဖြစ်အောင်လုပ်ပြီးပြီပဲ
အသွေးအသားကို ပါးပါးလှီး
ငါ့ကို အမြည်းလုပ်ခဲ့
ငါ့အရေခွံလည်း ကွာကျခဲ့ရပြီ
ငါ့အငွေ့အသက်တွေက
အရိပ်လို လိုက်လာမှာ မကြောက်ပါနဲ့
မင်းကိုမင်း ဆေးကြောသန့်စင်ပြီး
ငါ့ကို ကျော့ကျော့လေး စားသုံးသွားလိုက်ပါ
ငါ့အတွက်တော့ မငိုပါနဲ့
ငါ့အတွက်နဲ့တော့ မင်းဘယ်တော့မှ
မျက်ရည်မကျပါနဲ့. . . . . ။


မောင်ရင်ငဇေ

No comments:

Post a Comment