02/05/2011

မဟာဝီရ

လူသား
ဘုရင်တစ်ပါး
သက်ရှိအရာအားလုံးထက်မှာ သူ့မေတ္တာတရား ဝပ်စင်းနေတယ်
ခြင်္သေ့ ဒါမှမဟုတ် အဝါရောင် သိုးတစ်ကောင်
ရောင့်ရဲတင်းတိမ်ခြင်း ကိုယ်ရုံ
အဆုံးစွန်ထိ ပေးဆပ်ခြင်း ခြေနင်း
ဖြူစင်ခြင်းရဖို့ အသိတရားကို အကြိမ်ကြိမ်လျှော်ဖွတ်. . . .

Enlightenment - Roxy

သန့်စင်ခြင်း ကြည်လင်ခြင်း သည်သာ သူ့/ ဘဝ ရဲ့ အဓိကအစိတ်အပိုင်း
မရပ်မနား သွားနေတဲ့ အချိန်စက်ဝိုင်းရဲ့ လက်ရှိ အုပ်ထိန်းသူ
ကိုယ်ပိုင်နံပါတ် နှစ်ဆယ့်လေး၊
သူက " နိဗ္ဗာန်ကိုသွားတဲ့ ခရီးမှာ
ဘုရားမလိုဘူး ၊ တရားသည်သာ ငါ. . . ငါ့ရဲ့တေးသံ ! ! "
နောက်လိုက်တွေအတွက်တော့ သူဟာ သူသာအမြင့်ဆုံး သူရဲကောင်း
သူ့မှာ
အဝတ်မပါ ခြေဗလာ ။

 

အူသောင်

No comments:

Post a Comment